အရမ်းလွမ်းနေသောကျွန်တော်......... 😌

ရင်ကွဲမတတ် နာကျင်ခဲ့ရတယ်၊
လွမ်းရတဲ့ နေ့၊ညများမှာ
အထီးကျန်စွာ အဖော်မဲ့
တစ်ယောက်ထဲ
ယောင်ချာချာနဲ့ အရူးတစ်ယောက်လို။
ဒီဝေဒနာတွေက
ကိန္တရာ ချောင်းခြား
အလွမ်းစာသား တစ်ပုဒ်လို
ကာရံတွေမချိုမြိန်ခဲ့ဘူး။
ခန္ဓာကိုယ်က
အရင်လို မဟုတ်တော့ဘူး၊
ပြန်မရနိုင်တဲ့ အတိတ်ကို
ဆွေးမြည်းစွာနဲ့
တမ်းတမ်းတတ မှိုင်တွေးနေလို့ ......... 🏠
              

Comments